Saturday, October 13, 2007

သမိုင်းမှာ မင်းတရားခံဖြစ်မယ်

...
မင်းမမှန်ရင်
မင်း တရားခံဖြစ်မယ်။
ငါမမှန်ရင်
ငါ တရားခံဖြစ်မယ်။
တရားဆိုတာ
ညှာလည်းမညှာ၊ ညာလည်း မညာ
သာစေ နာစေမရှိ
ပကတိ သူ့ သဘော သူဆောင်ခြင်းပဲ။
ဒီနေ့  မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့  အတ္တုပတ်။
ဒီနေ့  မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့  မင်းရဲ့  အနာဂတ်။
မပတ်သက်ချင်လို့  မရ
မစပ်ဆက်ချင်လို့  မရ
မင်းဘ၀ကို မင်းကသာ ပြဠာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ။
(2000 ပြည့် နှစ် သြဂုတ်လ တင်မိုး၏ ‘ဗုဒ္ဓနှင့်တွေ့ ဆုံခြင်း နှင့် အခြားကဗျားများ’ စာအုပ်မှ ပြန်လည်ဝေငှ ဖေါ်ပြပါသည်။)

...