Showing posts with label Daw Aung Sun Suu Kyi. Show all posts
Showing posts with label Daw Aung Sun Suu Kyi. Show all posts

Monday, September 24, 2007

လောကတွင်မိခင်၏ကျေးဇူးကိုအသိရဆုံးဖြစ်ရပါလို၏

...မိခင်၏နှောင်ကြိုးကိုဖြည်ပါအံ့။

သည်းစွာသောအမာကိုကုပါအံ့။

သမီး၏လုံ့ လ၀ိရိယဖြင့်နလံထူစေအံ့။

မွေးကျေးဇူးကိုမသိတတ်သောထိုထိုသောသူတို့ အား

သိနားလည်အောင်ဆွဲဆောင်နိုင်စွမ်းကိုသမီးအားပေးပါလော့။

တွေ့ ရသောဘေးရန်တို့ ကိုသမီးမထီမည်မဟုတ်။

တဘ၀တခါသေရသည့်ဖြစ်၍

အဘယ်နည်းနှင့်သေရသည်ဖြစ်စေသမီး၌မထူးခြား။

သမီး၏စိတ်ကူးသည်အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်

သင်တို့ သည်လည်းပျော်မြူးကြရမည်။

အခြားခြားသောသူတို့ ၏ရှုတ်ချခြင်း၊ကဲ့ရဲ့ခြင်း၊

မုန်းတီးရွံရှာခြင်း၊နံမည်ဖျက်ခြင်းကို သမီးအလျဉ်းမပြု။

မိခင်ထံမှ‘ဒါမှငါ့သမီး’ဟူသော ကျုးရင့်သံသာကိုသာ

တောင်းတပါ၏

လောကတွင် . . .

မိခင်၏ကျေးဇူးကိုအသိရဆုံးဖြစ်ရပါလို၏။

(၁၉၉၁ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မခံရမီ၊ ကိုယ်တိုင်ရေးစပ်ခဲ့သောကဗျာ)...

Thursday, August 30, 2007

Friday, February 16, 2007

အကယ်၍

သင်္ကြန်အတွေး က ပထမဆုံး post မှာ ဒေါ် အောင်ဆန်းစုကြည် ဘာသာပြန်ဆို ခဲ့တဲ့ if ကဗျာ လေးကို ရွေးချယ်လိုက်ပါတယ်၊ ဒေါ် အောင်ဆန်းစုကြည် ဟာ စည်းရုံးရေးထွက်မယ့် NLD လူငယ်တွေကို ၁၉၈၉ ခုနှစ်မှာ အမှာစကားပြောရင်း ဒီကဗျာကို ရွတ်ဆိုခဲ့တာလို့  မိုးမခ ရေဒီယိုမှာ နားထောင်ခဲ့ရဘူးပါတယ်။

အကယ်၍

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့  ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင် - -
အကယ်၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့ 
မင်းကိုယ်မင်း ယုံကြည်မှု့ အပြည့်ရှိမယ်ဆိုရင် - -
အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပမ်း နေနိုင်မယ်ဆိုရင် - -
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့  မတုန့် ပြန်ဘူးဆိုရင် - -
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် - -
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင် - -
ပြီးတော့ တွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာမဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင် - -
အကယ်၍
အောင်မြင်မှူ သုခနဲ့  ဆုံးရှုံးမှူဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင် - -
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင် - -
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့  ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
ဖျက်စီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်လှတဲ့ တန်ဆာပလာ အရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် - -
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင် - -
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် - -
ပြီးတော့တခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်၊
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့ 
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲပဲ
အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် - -
အဲဒီလိုပဲ
မင်းမှာ စိတ်အားကလွဲလို့  ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အားကို ခိုင်မာစွာနဲ့ ပဲ
လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် - -
အကယ်၍
လူတွေနဲ့ ထိတွေ့ ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် - -
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန် မာန သွေး မကြွဘူးဆိုရင် - -
အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် - -
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလန်းမှု့  သံယောဇဉ်တွေ ထားမနေဘူးဆိုရင် - -
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် - -
ငါ့သားရေ
မင်းဟာ -- အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ 
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ - -
အဲဒီတော့ -- မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။

ဒေါ် အောင်ဆန်းစုကြည်။