Showing posts with label Myamar "su taung". Show all posts
Showing posts with label Myamar "su taung". Show all posts

Thursday, March 01, 2007

ဆုတောင်းတိုင်းသာပြည့်မည်ဆိုလျှင်(၂)

ကျနော် လူငယ်ဘ၀မှာ လှိုင်မဟာစည်ရဲ့ ၀ိပဿနာ အတွေ့ အကြုံ ရရှိခဲ့ပါတယ်။ အဲဒီမှာ မဟာစည်မှာ ဘုရားရှိခိုးက ကျနော်တို့  ဆိုလာခဲ့တဲ့ ရှေးရိုးအစဉ်အလာနည်းနဲ့ အနဲငယ် ကွာခြားတာကို နောက်ပိုင်းမှာ သတိပြုမိပါတယ်။ စာဖတ်သူတွေ ဖတ်နိုင်အောင် မဟာစည်နည်းကို ရေးပြပါမယ်။

မဟာစည်နည်း

သြကာသ သြကာသ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှု မင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ၊ ဘုရား ရတနာ တရား ရတနာ သံဃာ ရတနာ၊ ရတနာမြတ်သုံးပါး ဆရာ မိဘ တို့ ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား ။

ကျနော်က သာမာန်လူ တယောက်ပါ၊ ဆိုလိုတာကက ကျနော် ပါဠိ ပညာရှင် မဟုတ်တော့၊ ကျနော် နီးစပ်ရာ ဘုန်းကြီး တွေကို လျှောက်ထား မေးကြည့်မိ ပါတယ်။ မေခွန်းက “ဆုတောင်း” “ဆုပေး”လို့ ရ ပါသလား။ အဖြေရလာတာ ကတော့၊ ဆုတောင်းလို့ မရပါဘူးတဲ့။ ဒါဆိုဘာကြောင့် ရွတ်ဆိုနေကြသလဲ…. အဖြေက.. လူတွေဟာ reward oriented ဖြစ်လို့ တဲ့။ ဆိုလိုတာက လူအများစု အလို လိုက်လုပ်နေတာ များလား။

ကျနော်ထင်ပါတယ်... မဟာစည် ဆရာတော်ဘုရားက ဆုတောင်းလို့ မရတာကို အများပြည်သူကို သင်ပြချင်လို့ ၊ ရိုသေထိုက်သူကို ရိုသေတာဟာ ကောင်းတာမို့ (မင်္ဂလာတရားမို့ ) အကောင်းကိုလုပ်ကြတယ်ဖြစ်အောင် မဟာစည်နည်းကို တည်ထွင်ဖန်းတီးခဲ့တာလို့ ။ (ကျနော် မဟာစည် စာအုပ်တွေမှာ မဟာစည်နည်း ပေါ် ပေါက်လာပုံ သမိုင်းကို ရှာကြည့်ဆဲ၊ အခုထိမတွေ့ သေးပါ)

မေတ္တာဖြင့်
မောင်သင်္ကြန်