Showing posts with label su taung. Show all posts
Showing posts with label su taung. Show all posts

Saturday, February 24, 2007

ဆုတောင်းတိုင်းသာပြည့်မည်ဆိုလျှင်

သြကာသ သြကာသ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ၊ ခပ်သိမ်းသော အပြစ်တို့ ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ ဒုတိယ တတိယ တကြိမ်း နှစ်ကြိမ် သုံးကြိမ် မြောက်အောင် ဘုရား ရတနာ တရား ရတနာ သံဃာ ရတနာ၊ ရတနာမြတ်သုံးပါး ဆရာမိဘ တို့  ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန့် တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိ တရားလေးပါး၊ ဗျသန တရားငါးပါး တို့ မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား၊ ဖိုလ် တရား၊ နိဗ္ဗာန် တရားတော်မြတ်ကို လျှင်မြန်စွာ ရလိုပါ၏ အရှင်ဘုရား ။
သြကာသဘုရားရှိခိုး(ရှေးရိုးအစဉ်အလာနည်း) နဲ့ ကျနော်အင်တာနက်ထဲမှာ ရှိခိုးနေတာမဟုတ်ပါ။ ထုံးတမ်းစဉ်လာ အရ ပဲဖြစ်ဖြစ်၊ ရှိခိုးချင်လို့ ပဲဖြစ်ဖြစ်၊ ရှိခိုးနေကြသူ ကျနော်တို့ ဗုဒ္ဒဘာသာဝင်တွေ၊ သြကာသဘုရားရှိခိုးက ဘာတွေဆိုတယ်၊ အဲဒီ သြကာသဘုရားရှိခိုး နဲ့  ဘာတွေလုပ်တယ် ဆိုတာကို သုံးသပ်လိုသည် ဖြစ်၍ ဤစာကို ကျနော်ရေးပါသည်။

သြကာသဘုရား ရှိခိုးရဲ့ ပထမအပုဒ်မှာ ခပ်သိမ်းသော အပြစ်များကို ပျောက်စေလို သည့်အတွက် သုံးကြိမ်တိုင်တိုင် လက်အုပ်ချီ၍ ရှိခိုးပါသည်လို့ ဆိုပါတယ်။ ဒုတိယအပုဒ် မှာတော့ အဲဒီလို ကန်တော့ခဲ့သည့်အတွက်ကြောင့် မကောင်းတာတွေအားလုံးကင်းစင်ပြီး အကောင်းဆုံးဖြစ်သည့် နိဗ္ဗာန် တရား ကို မြန်မြန် “ရလိုပါ၏ ” လို့ အပြီးသတ်ပါတယ်။ အရှေ့ ပိုင်းမှာ ဒါကိုလုပ်လို့  ဒါကိုပေးပါ ဆိုတဲ့ အပေးအယူ ကိုတော့ ကျနော်ဘာမှ သိပ်မပြောလိုပါ (နောက်မှ ဆွေးနွေးမယ်)။ နောက်ဆုံးက “ရလိုပါ၏” ကိုတော့ အနည်းငယ် ရေးပြလိုပါတယ်။ ရလိုပါ၏ ရဲ့ အခြားအဓိပ္ပါယ်က လိုချင်တဲ့ဆန္ဒ၊ တနည်း ဆိုသော် ဆုတောင်းတာ။ ကျနော်တို့  မြန်မာပြည်သူပြည်သားတွေ ဆုတောင်းနေကြတာ၊ ဆုတောင်းလို့  ဆုတောင်းပြည့်ရော တဲ့လား။

လူဦးရေ ၄၇ သန်းကျော် ရှိတဲ့ မြန်မာပြည်မှာ ဗုဒ္ဒဘာသာဝင် တွေက ၈၉ရာခိုင်နှုန်း တည်ရှိတယ်လို့  CIA fact book ကဆိုပါတယ်။ ၄၁သန်းကျော် ၄၂သန်းနီးပါး၊ အဲဒီလောက်များတဲ့ ဗုဒ္ဒဘာသာဝင်တွေ ဆုတောင်းခဲ့ကြ တယ် ဆုတောင်းနေကြဆဲဖြစ်တဲ့ မြန်မာပြည်မှာ တိုင်းပြည် မတိုးတက် မသာယာလာခဲ့ပါဘူး။ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ များစာရင်းထဲ မြန်မာပြည် မထွက်လာသေးပါဘူး။ အများတန်းတူ (အိမ်နီးချင်းနိုင်ငံများလောက်နဲ့ ပဲနှိုင်းယှဉ်မယ်ထား) တိုးတက်ဖို့ ဆိုတာက ဆုတောင်းနေလို့ မြန်မာပြည် ကြီးပွါးတိုးတက် လာမှာတဲ့လား။ ဆုတောင်းတာ လေကုန်တာက လွဲလို့  ဘာမှထူးခြားလာ မှာ မဟုတ်ပါ။ အမိနိုင်ငံကို ချစ်သူတွေအားလုံး အများကောင်းကျိုး ကိုယ့် တိုင်းသူပြည်သားတွေ ကောင်းကျိုး ကို ထောက်ပြီး ကြိုးစားကြမှ တိုးတက်မှာ။
ဆုတောင်းနေရုံနဲ့  အားလုံးကောင်းလာမှာတဲ့လား။

မေတ္တာဖြင့်
မောင်သင်္ကြန်