Sunday, September 16, 2007

မြန်မာပြည်အစိုးရမှ ပိတ်ထားသော အင်တာနက်စာမျက်နှာများကိုကြည့်ရှုနည်း

...လွပ်လပ်တဲ့အာရှအသံ(RFA) သို့ မဟုတ် ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သို့ မဟုတ် ဧရာဝတီ အင်တာနက် မဂ္ဂဇင်း တို့ ရဲ့ အင်တာနက် စာမျက်နှာများကို မြန်မာပြည်တွင်းက ကြည့်လို့  မရအောင် ပိတ်ဆို့ထားပါလိမ့်မယ်။ ဥပမာ http://www.rfa.org ကို မကြည့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့၊ အဲဒီ အင်တာနက်စာမျက်နှာကို တိုက်ရိုက်မသွားပဲ proxy server လို့ ခေါ်တဲ့ ကြားခံကွန်ပျူတာ ဆာဗာစနစ်ကို အသုံးပြုပြီး ကြည့်ရှုနိုင်တဲ့ နည်းလမ်းရှိပါတယ်။
အဲဒီလို ကြားခံ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ကတဆင့် သွားမယ်ဆိုရင် ပိတ်ဆို့ ထားတဲ့ အင်တာနက် စာမျက်နှာ တွေကို ကြည့်နိုင်တဲ့အပြင် ဘယ်သူဘယ်သူဘယ်ဝါမှန်းလည်း မသိနိုင်ပါဘူး။ ကွန်ပျူတာအသုံးပြုသူဟာ ကြာခံကွန်ပျူတာထဲကို ၀င်ပြီးတဲ့နောက် ကိုယ်ယောင်ဖျောက်ပြီးတော့ တခြားပိတ်ဆို့ ထားတဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေကို သွားတဲ့ သဘောမျိုးပါ။

ဘယ်လိုရှာဖွေမလဲ?
အခုလို ကြားခံဆောင်ရွက်ပေးမဲ့ပေးမဲ့ ကွန်ပျူတာ ဆာဗာတွေကို အင်တာနက်ဝက်ဘ်ပေါ်မှာ ရှာဖွေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။
Google, Yahoo, MSN/Live စတဲ့ ရှာဖွေရေးစနစ်တခုခုကို သုံးပြီး ရှာရမှာဖြစ်ပါတယ်။ ရှာရမဲ့ စာလုံးတွေကတော့ nph-proxy ဒါမှမဟုတ် nph-proxy.pl ဒါမှမဟုတ် nph-proxy.cgi တို့ ကို ရိုက်ထည့်ပြီး ရှာကြည့်ပါ။
တခြားနည်းတခုက CGIProxy သို့ မဟုတ် CGI Proxy ဆိုတဲ့ စာလုံးတွေနဲ့လည်း ရှာနိုင်ပါတယ်။
အဲဒီလို ရှာလိုက်တဲ့အခါမှာ ကြားခံကွန်ပြူတာ ဆာဗာအဖြစ် လက်ခံဆောင်ရွက်ပေးမဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေကို တွေ့ ရပါလိမ့်မယ်။ ဒါမှမဟုတ် ကြာခံကွန်ပျူတာဆီကို သွားနိုင်တဲ့ Link လမ်းကြောင်းကို တွေ့ ရမှာ ဖြစ်ပါတယ်။ အဲဒီ ၀က်ဆိုက်တခုခုကို ၀င်ပြီးတဲ့အခါမှာ ကိုယ်သွားလိုတဲ့ အင်တာနက် ၀က်ဘ်ဆိုက်ရဲ့ လိပ်စာကို ထည့်သွင်းရမဲ့ ကွက်လပ်တခုကို တွေ့ ရပါလိမ့်မယ်။


(အပေါ် ကပုံကို ကြည့်ရင် URL လိပ်စာရိုက်ရမဲ့ ကွက်လပ်ကို တွေ့ ရပါလိမ့်မယ်။)
ပိတ်ဆို့ ခံထားရတဲ့ အင်တာနက် ၀က်ဘ်ဆိုက်ရဲ့ လိပ်စာ(URL)ကို အဲဒီကွက်လပ်ထဲမှာ ရိုက်ထည့်လိုက်ရင် ကိုယ်သွားချင်တဲ့ ၀က်ဘ်ဆိုက်ကို ရောက်သွားပါလိမ့်မယ်။
ဥပမာအားဖြင့် လွပ်လပ်တဲ့ အာရှအသံ (RFA)ရဲ့ မြန်မာဘာသာစာမျက်နှာ လိပ်စာ www.rfa.org/burmese ဖြစ်ပါတယ်။
ကြားခံကွန်ပျူတာ ဆာဗာတချို့  ကတော့ အရှေ့ ဆုံးမှာ http:// ဆိုတာကိုပါ ရိုက်ထည့်ရပါတယ်။
အဆင်သင့်တွေ့ နိုင်သော ကြားခံ ကွန်ပျူတာ ဆာဗာများ
တခြားဖြတ်လမ်းနည်းအနေနဲ့  အောက်မှာ အဆင်သင့်ပြထားတဲ့ LINK အဆက်အသွယ်တွေကို နှိပ်လိုက်ရင်လည်း ကြားခံ ကွန်ပျူတာ ဆာဗာတခုထဲကို သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို လူသိရှင်ကြား ကြေညာထားတဲ့ အင်တာနက်လိပ်စာတွေကို အာဏာပိုင်တွေက ပိတ်ဆို့ ထားပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင်တော့ စောစောက ရှင်းပြခဲ့တဲ့နည်းအတိုင်း ကိုယ့်ဖာသာရှာကြည့်ပြီး လုပ်လိုက်ရင် လွယ်လွယ်လေးပါ။
Proxy Server လို့ ခေါ် တဲ့ ကြားခံ ကွန်ပျူတာ ဆာဗာတွေရဲ့ လိပ်စာက အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါပေမဲ့ အခုနည်းတွေအတိုင်း ရှာကြည့်ပြီး ပြင်ပကမ္ဘာကြီးထဲက အင်တာနက်လောကကို လွတ်လွတ်လပ်လပ် သွားလာလည်ပတ်နိုင်ပါတယ်။
(RFA ကိုမြန်မာပြည်တွင်းမှ ပိတ်ကောင်းပိတ်ထားနိုင်တာမို့ ၊ ကျနော်၊ မောင်သင်္ကြန် လည်း တဖက်တလမ်းက ကူညီချင်လို့  RFA တင်ပြတဲ့နည်းကို ပြန်လည် ပိုစ် လိုက်ပါတယ်။) Source: http://www.rfa.org/burmese/support/ ...

No comments: