...မိခင်၏နှောင်ကြိုးကိုဖြည်ပါအံ့။
သည်းစွာသောအမာကိုကုပါအံ့။
သမီး၏လုံ့ လ၀ိရိယဖြင့်နလံထူစေအံ့။
မွေးကျေးဇူးကိုမသိတတ်သောထိုထိုသောသူတို့ အား
သိနားလည်အောင်ဆွဲဆောင်နိုင်စွမ်းကိုသမီးအားပေးပါလော့။
တွေ့ ရသောဘေးရန်တို့ ကိုသမီးမထီမည်မဟုတ်။
တဘ၀တခါသေရသည့်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေသမီး၌မထူးခြား။
သမီး၏စိတ်ကူးသည်အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
သင်တို့ သည်လည်းပျော်မြူးကြရမည်။
အခြားခြားသောသူတို့ ၏ရှုတ်ချခြင်း၊ကဲ့ရဲ့ခြင်း၊
မုန်းတီးရွံရှာခြင်း၊နံမည်ဖျက်ခြင်းကို သမီးအလျဉ်းမပြု။
မိခင်ထံမှ‘ဒါမှငါ့သမီး’ဟူသော ကျုးရင့်သံသာကိုသာ
တောင်းတပါ၏
လောကတွင် . . .
မိခင်၏ကျေးဇူးကိုအသိရဆုံးဖြစ်ရပါလို၏။
(၁၉၉၁ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မခံရမီ၊ ကိုယ်တိုင်ရေးစပ်ခဲ့သောကဗျာ)...
No comments:
Post a Comment